မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းအထက်တန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာကျောင်းအထက်တန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ် (၁) ၊ အမှတ် (၂) ၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ ၊အရန်တပ်ဖွဲ့၀င်များ ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း  ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းရှိ စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများ၌ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်းကိရိယာများထားရှိမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ရေလုံလောက်စွာရရှိမှုအခြေအနေ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှုအခြေအနေများနှင့် ကျောင်းအတွင်းသို့ မီးသတ်ကားများ အလွယ်တကူ ဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)