ဟိုပုံးမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း) ၌ မီးဘေးလုံ ခြုံရေးစစ်ဆေးဆောင်ရွက်

ဟိုပုံး   ဖေဖော်ဝါရီ   ၂၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင်  အခြေခံပညာ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကင်ရှင်းစေရေး ရည်ရွယ်၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ဇင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခွန်ကျော်နောင်နှင့် တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း)ရှိ စာသင်ခန်းများ၌ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှုနှင့် လျှပ်စစ်သွယ်တန်းမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ပစ္စည်း ကိရိယာများ ထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက်ရေလုံလောက်စွာ ရရှိမှုအခြေအနေ၊ မီးချိပ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ကျောင်းအတွင်းသို့ မီးသတ်ကားများအလွယ်တကူ ဝင်ရောက်နိုင်မှု ရှိ/မရှိ စသည့်အခြေအနေများ အား ကြည့်ရှုစစ်ဆေးသည်။

ထို့အပြင်   မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မီးဘေးလုံခြုံရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပေါင်လင်း) ကျောင်းအုပ်ဆရာမကြီးကို  ပြုပြင်ရန် လိုအပ်သည် များအား အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)