တန့်ယန်း ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် အိမ်အမှတ်စဉ်များ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တ အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းက ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အိမ်ထောင်စု လူဦးရေစာရင်းများ၊ အိမ်အမှတ်စဉ် မှန်ကန်မှုရှိစေရေးတို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)