မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီပေးအပ်

မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌  အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီပေးအပ်ခြင်းကို  ယမန်နေ့နံနက် ၁ဝ နာရီ အချိန်  ဗိုလ်မင်းရောင်လမ်းနှင့် ၁၁၂ လမ်းထောင့်မင်္ဂလာတောင်ညွန့်ရပ်ကွက် ဓမ္မာရုံတွင်လည်းကောင်း ၁၄ နာရီအချိန်တွင် သမိန်ဗရမ်းလမ်းနှင့်(၆) လမ်းထောင့် ပုသိမ်ညွန့်ရပ်ကွက် သဒ္ဓမ္မဗျုဟာ ဓမ္မာရုံတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မြသိန်းထွန်းနှင့်  အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်ဘေးရှောင်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့ပေးအပ်ရာတွင် ပထမအကြိမ်အဖြစ်ရပ်ကွက် ၈ ရပ်ကွက်ရှိ လူဦးရေ  ၉၈ ဦးအား တစ်ဦးလျှင် ငွေနှစ်သောင်းကျပ်ဖြင့်  ငွေကျပ် ၁၉၆၀၀၀၀ ကျပ် တိတိအား လက်၀ယ်အရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိသည့်ရပ်ကွက်များကိုလည်း သတ်မှတ်‌နေ့ရက်များတွင်  အသီးသီးဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)