ရန်ကင်းမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းစီ ပေးအပ်

ရန်ကင်း ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်  တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်းစီ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ  ၁ နာရီက ရန်ကင်းမြို့နယ် မိုးကောင်းသာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းစီ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် တာဝန်ရှိသူများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်အောင်တို့က ယာယီနေရပ်စွန့်ခွာလာသူ ၄၇၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် စုစု​​ပေါင်းငွေကျပ် ၉၄၈၀၀၀၀/ (ကိုးဆယ့်လေးသိန်းရှစ်သောင်းတိတိ)အား လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ရန်ကင်းမြို့နယ်အနေဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ(၉၄၈)ဦရှိပြီး ယနေ့တွင် (၄၇၄)ဦးအား ပထမအကြိမ် ပေးအပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လှလှထွေး(ပြန်/ဆက်)