ကော့မှူး ဖေဖော်ဝါရီ ၂၂
အကြမ်းဖက်ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအားထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာရေး၊ ပညာသင်ကြားရေး၊ အေးချမ်းစွာနေထိုင်စားသောက်ရေးအတွက် အမြဲသတိပြုကြည့်ရှုစောင့် ရှောက်ပေး လျက်ရှိကြောင်း ပြည်သူများအနေဖြင့် လည်းနေထိုင်စဉ်ကာလအတွင်း ရင်းနှီးချစ်ခင်စွာ နေထိုင်ကြရန်၊ အခက်အခဲရှိပါကနီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များသို့ ချက်ချင်းသတင်းပို့ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မျိုးထိုက်၊ ဌာနဆိုင်ရာများက ယာယီနေရပ်စွန့်ခွာသူပြည်သူ တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် (၅၄)ဦးအား နိုင်ငံတော်မှထောက်ပံ့ငွေများကို တစ်ဦးချင်းလက်ဝယ် အရောက်ပေး အပ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တွံတေးခရိုင်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံ ၍အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)