ကမာရွတ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကမာရွတ် မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ထောက်ပံ့ငွေ ၂၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့‌‌ပေးအပ်ခဲ့ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)