ရုရှားဖက်ဒရေးရှင်းနိုင်ငံ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Astra Group PJSC မှ ကိုယ်စားလှယ်အဖွဲ့  Naypyitaw State Polytechnic University တွင် တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေး

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ Naypyitaw State Polytechnic University တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Astra Group PJSC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် ဦးဆောင်သောအဖွဲ့သည် တက္ကသိုလ်၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး Astra Group PJSC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့က ၎င်းတို့ကုမ္ပဏီ၏ ပညာရေးနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ဆောင် ရွက်နေမှုများ၊  တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ Naypyitaw State Polytechnic University မှ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ Astra Group PJSC နည်းပညာကုမ္ပဏီမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရသည်။

နန်းရွှေရတီ (ပြန်/ဆက်)