သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် (သင့်ကြောင့်မီးမလောင်ပါစေနှင့်) သတိပေးနှိုးဆော် မြေစိုက်ပိုစတာစိုက်ထူ

သာပေါင်း ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ယနေ့ဖေဖော်ဝါရီလ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်မီးဘေးလုံခြုံရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မီးဘေးလုံခြုံရေး သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မီးဘေးလုံခြုံရေးအတွက် (သင့်ကြောင်းမီးမလောင်ပါစေနှင့်)သတိပေးနှိုးဆော် မြေစိုက်ပိုစတာစိုက်ထူကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ် စံကြည်အောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးဘေးလုံခြုံရေးသတိပေး ဆိုင်းဘုတ်အား လမ်းထိပ်၊ လမ်းဆုံတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)