စစ်ကိုင်းမြို့၊ သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်အောင်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းဖေဖော်ဝါရီ ၂၅

စစ်ကိုင်းမြို့၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး (၁၅)နှစ်ပြည့် နှစ်ပတ်လည်အောင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လေးကျွန်းမြေအုဌ်ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ဘုရားများ ကြွရောက်တော်မူကြပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာများ၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီး နာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများက နမောတဿ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ ရွှေဓုဝံဆရာတော်ဘုရားကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ  ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြပြီး သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကြီးအတွက် အလှူရှင်များ၏ လှူဒါန်းငွေများကို တာဝန်ရှိသူများက လက်ခံပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတောင်ရိုး ခေမာသီဝံကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)