တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများပြုလုပ်

တွံတေး ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မီးဘေးအန္တရာယ်လုံခြုံစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်နိုင်ထွန်းဦးဆောင်သောအဖွဲ့သည် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးဖြစ်သော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်ကာ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများသာမက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လူနေအိမ်များပါမကျန် လိုက်လံစစ်ဆေး၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တွံတေးသား