မုံရွာမြို့နယ်အတွင်း မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်

မုံရွာ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာ​ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ မုံရွာမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်က မီးဘေးအသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးဘေးအန္တရာယ်ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်ရေးနည်းလမ်းများနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့၀င်များက လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသမှုများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်း ၁၀၀ ဦးနှင့်အတူ ဆောင်ရွက်ခဲ့ပြီး အဆိုပါရုံး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)