ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ‌ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန့်ရီရီချို (စာထောက်-၃) က အပူဒဏ်၏ဆိုးကျိုးများ၊ အပူရှိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုင်ရာဗဟုသုတများ၊ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်တို့ကိုကာကွယ်နိုင်ရန် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ ပူးပြင်းသောရာသီနှင့် လိုက်လျောညီထွေးမှုရှိသည့် အဝတ်အစားဝတ်ဆင်ခြင်းများ၊ ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ်တွင်းရှိရေနှင့် ဓာတ်ဆားဆုံးရှုံးမှုများပြားခြင်းကြောင့် ရေများများသောက်ခြင်း၊ ဓာတ်ဆားရည်သောက်သုံးခြင်းများ၊ တစ်နေ့တာ၏ အပူဆုံးအချိန်ဖြစ်သော နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ အပြင်ထွက်ခြင်းမပြုလုပ်သင့်ကြောင်း၊‌ နေပူထဲထွက်ပါက ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်မထိတွေ့စေရန် ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းရမည်ဖြစ်‌ကြောင်း၊ ပူပြင်း‌သောနေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အရိပ်ရအေးမြသောနေရာတွင် အနားယူသင့်ကြောင်း၊ အရည်ရွှမ်းသော အသီးအနှံများကို စားသုံးသင့်ကြောင်း ပြောကြာခဲ့သည်။

ထို့နောက် တက်ရောက်လာသူများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌‌ဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာ‌စောင်များနှင့် နံရံကပ်စာ‌စောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)