ကွမ်းခြံကုန်းမြို့နယ်၌ မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းလုပ်ငန်း ပြီးစီး

ကွမ်းခြံကုန်း ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်(ငါးကဏ္ဍ) အတိုးရငွေဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ဝါးကောက်တောကျေးရွာ၌ ဧပြီလ ၂၁ ရက်နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်(ငါးကဏ္ဍ) ကော်မတီအဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါကျေးရွာ လမ်းအရှည်ပေ ၃၁၂ ပေ× အနံ ၁၀ ပေ × အမြင့် ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းအား မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ် (၁၆၇) သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)