တိုက်ကြီး ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ကျေးရွာမှ တာဝန်ရှိသူများက အုန်းပင်စုကျေးရွာရှိ ကျေးရွာတွင်းလမ်းအား ရာသီမရွေးသွားလာမှုလွယ်ကူစေရေးအတွက် လမ်းအရှည် ၂၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိသည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းတိုးတာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)