မိုင်းဆတ် ဧပြီ ၂၂
တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုး ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ကြိုဆိုပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြိုဆိုရာတွင် တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုးနှင့်အတူ တပ်မတော်ကို ချစ်မြတ်နိုးသော ဆရာတော် သံဃာတော်များ၊ နယ်မြေခံတပ်မှ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးသိန်းဇော်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်တို့ ဦးဆောင်သည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား နယ်မြေခံတပ်ရင်းဂိတ်ရှေ့ မုခ်ဦးမှ တပ်ရင်းအဝင် လမ်းတစ်လျှောက် ပန်းကုံးစွပ်ပေးခြင်း၊ အောင်သပြေပန်းနှင့် စနိုးတာဝါများ ကမ်းပေးခြင်း၊ အမွှေးနံ့သာရည်ပက်ဖျန်းပေးခြင်း၊ အချိုရည်နှင့်မုန့်များ ဝေငှပေးခြင်း၊ တိုင်းရင်းသား ရိုးရာအကနှင့် ဦးရွှေရိုးအကတို့ဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)