ဒလမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ဒလ ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား တိုင်းရင်းဆေးဖြင့်ကျန်းမာ‌ရေးစောင့်ရှောက်မှု လုပ်ငန်းများကို  ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်‌ပေးခဲ့သည်၊၊

အဆိုပါတိုင်းရင်းဆေးဖြင့်ဆေးကုသမှုကို ဒလမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်က တိုင်းရင်းဆေးအကြောင်းအရာများ၊  ဆီးချို ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်ဒလမြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်က တိုင်းရင်း‌ဆေးပညာဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ကျား (၂၉)ဦး၊ မ (၄၃)ဦီး၊  စုစုပေါင်း (၇၂) ဦးတို့အား သွေးပေါင်ချိန်တိုင်း‌ပေးခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ ဆေးစည်း၊ ဆေးကပ် ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်စန္ဒာမြင့်