မိုင်းရှူးမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

မိုင်းရှူး ဧပြီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်ဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များငှားရမ်းပေးပြီး လစဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)