မအူပင် ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ စိန်ရွှေရတနာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ဒေသခံပြည်သူမျာအား မီးဘေးလုံခြုံရေး အသိပညာပေးကွင်းဆင်း ဟောပြောသည်။
အဆိုပါ မီးဘေးလုံခြုံရေးကွင်းဆင်းဟောပြောမှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးမှ ကျေးလက်ဒေသ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များ၊ လယ်ယာမြေများ မီးရှို့ခြင်းကြောင့် ထွက်ပေါ်လာသော မီးခိုးမြူငွေ့အန္တရာယ် အကြောင်းအရာများ၊ တောမီးလောင်ကျွမ်းရာမှ လူနေအိမ်များသို့ မီးကူးစက်မှုမရှိစေရန် ကာကွယ်ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဟောပြော ဆွေးနွေးပြီး တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများမှ သိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိူဌေးမှ ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)