ကျောင်းကုန်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှု တိုင်း‌ဒေသကြီး ဦးစီးမှူးကြည့်ရှုစစ်ဆေး

ကျောင်းကုန်း ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ တာဦးကဉ္စနာရာမဘုန်းတော်ကြီးကျောင်း၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ် ရေးကတ်ပြားဆောင်ရွက်ပေးနေမှုကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ကြည့်ရှုအားပေးသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ထုတ် ပေးနေမှုကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးနှင့် ကျုံပျော်ခရိုင် ဦးစီးမှူး‌ ဒေါ်ခင်မာစန်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ‌ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းကုန်းမြို့နယ် ဦးစီးမှူး ဦးဇော်မင်းဦးတို့က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)