ဗဟန်း ဧပြီ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကမာရွတ်ခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီအေးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းနည်းပြဆရာ ဦးလှသိန်းက သင်ကြားပို့ချမည့် ဘာသာရပ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ကမာရွတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီအေးနှင့် အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းစိုး (ခရိုင်ပြန်/ဆက်)