ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ကြည့်မြင်တိုင် ဧပြီ ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်းပြီး  စာရေးဆရာမျိုးဆက်အောင်ရေးသားသည့် “ပြည်ပနိုင်ငံတစ်နိုင်ငံ၏ဗုဒ္ဓနေ့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

စာဖတ်ဝိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းဥက္ကဋ္ဌ စာရေးဆရာမတင့်တယ်ခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပခဲရာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အဖွဲ့ဝင်များက စာရေးဆရာမျိုးဆက်အောင်ရေးသားသည့် “ပြည်ပနိုင်ငံတစ်နိုင်ငံ၏ဗုဒ္ဓနေ့” စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အဖွဲ့ဝင်များတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရပါသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)