ဖြူးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး

ဖြူး ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ဘူတာတောင်ရပ်ကွက်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အထောက်အထားပြည့်စုံစွာ လာရောက်ပြုလုပ်မှုများကိုစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)