ချောက်မြို့နယ်၌ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ချောက် ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများကို ယမန်‌နေ့ နံနက် ၈ နာရီအချိန်က‌ မြို့နယ်ပြည်သူ့‌ဆေးရုံ၊ မြို့တွင်းမီးပွိုင့်လမ်းဆုံနှင့် မြို့နယ်အတွင်းရှိ ကျန်းမာ‌ရေးဌာနတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းများကို မြို့နယ်ပြည်သူကျန်းမာရေး‌ဦးစီးဌာနမှ ဆရာဝန်ကြီး‌  ဒေါက်တာမျိုးသက်ဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကျန်းမာ‌ရေးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ထို့နောက် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက် ပါဆိုင်းဘုတ်တွင် အပူဒဏ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ အပူဒဏ်မှ ကာကွယ်ရန် အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များပါ အသိပညာပေး လက်ကမ်းစာစောင်များအား‌ မြို့မ‌ဈေး၌ ပြည်သူများသိရှိ လိုက်နာဆောင်ရွက်စေရန် ဖြန့်ဝေပေးအပ်ခဲ့ပြီး အပူဒဏ်ကာကွယ်‌‌ရေး နှိုးဆော်ချက်များကို ချောက်မြို့ပေါ်နှင့် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)