ပြည်ကြီးတံခွန် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယမန်နေ့နံနက် ၉ နာရီကစတင်၍ ချမ်းမြသာယာ ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍သန္ဓတပ်ဖွဲ့၀င်ခုနှစ်ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များ ပူးပေါင်း၍ ချမ်းမြသာယာရပ်ကွက်၊ ရွှေ ညောင်ပင်ကွက်စိတ်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေး၍ 191 report application ထည့်သွင်းပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊ မီးသတ်ဆေးဘူးများ ဆောင်ထားကြရန် မှာကြားခဲ့ပြီး မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)