နတ်မောက်မြို့နယ် ကုန်းဇောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီးစံကိန်းရန်ပုံငွေ (၆)ကြိမ်မြောက် စက်ဝန်းထုတ်ချေးပေး

နတ်မောက် ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကုန်းဇောင်းကျေးရွာ၌(၆)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နံနက်၁၁ နာရီအချိန်က ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်နိုင်ဦးက ကုန်းဇောင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား/သူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းခဲ့ပြီး မိသားစုတစ်နိုင်တစ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းများကို ယခင်ကထက်ပိုမိုလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ(၆)ကြိမ်မြောက် စက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စီမံကိန်းရန်ပုံငွေကျပ်(၃၅.၂)သန်းကို ကုန်းဇောင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ကုန်းဇောင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၇၆)ဦးအား ကျပ်(၂၅.၂)သန်းနှင့် မွေးမြူရေးလုပ် ငန်းလုပ်ကိုင်သူ(၅၀)ဦးအား ကျပ်(၁၀)သန်းတို့ကို ကျေးရွာသူ/သားများထံ သတ်မှတ်ထားသော အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျထုတ်ချေးပေခဲ့ကြောင်း သိရသည်။

လှဝင်း