ပြင်ဦးလွင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ် စုပေါင်းရုံ OSS ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်စဉ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြင်ဦးလွင်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက စီမံကိန်း ရည်မှန်းချက်များအား သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများထံသို့ တာဝန်များ ပေးအပ်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)