ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပြီး 191 Sticker များကပ်ပေး

ကလိန်အောင်   ဧပြီ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အလွန်ပူပြင်းသော နွေရာသီအချိန်အခါဖြစ်၍  ပြည်သူများမီးဘေးအန္တရာယ်နှင့်   အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယနေ့ နံနက်၈နာရီက ကလိန်အောင်မြို့ အဝင်အထွက် စစ်‌ဆေးရေးဂိတ်နှင့် လူစည်ကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ကလိန်အောင်နယ်‌မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးမျိုးဆွေဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်င်ရန် သဘာဝ‌ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်၊ 191 ပါရှိသည့် Sticker  များနှင့် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)