ပွင့်ဖြူမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး အာရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းကျင်းပပြုလုပ်သည့် အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။