သာစည် ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော ဆရာတော်သံဃာတော်များ ရေအခက်အခဲမရှိစေရန် လိုအပ်သည့်ကျောင်းများသို့ ရေဂါလံ ၁၂၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် ရေအမဲ့သွားရောက်လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက်နံနက်က အမှတ်(၁)ရပ်ကွက် တောကျောင်းကြီးကျောင်းတိုက်၌ ရေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်မီးသတ်ဦးစီးဌာနသည် နွေရာသီကာလ ရေရှားပါးသည့်ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရေလှူဒါန်းပေးနိုင်ရန် ဆောင်ရွက်ထားပြီး ရေအခက်အခဲရှိပါက ဖုန်း ၀၆၄-၂၀၆၉၁၃၁နှင့်အရေးပေါ် ဖုန်း ၁၉၁ သို့ ဆက်သွယ်နိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)