ပုလောမြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပုလော   ဧပြီလ    ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့အဝင် တံတားထိပ်တွင် မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်နှင့် 191 Sticker များ ကပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် ပုလောမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင်ထိုက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြစောနွယ်တို့ ပူးပေါင်းအဖွဲ့သည် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေသည့် မီးဘေးလုံခြုံရေးပညာပေးစာစောင်များ ဖြန့်ဝေခြင်း၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ် ဆက်သွယ်နိုင်သည့် 191 Sticker ကပ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)