သံတောင်ကြီးမြို့နယ်တွင်နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

သံတောင်ကြီး ဧပြီ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများအချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သံတောင်ကြီးမြို့အခြေခံပညာအ ထက်တန်း ကျောင်းဝင်းရှိမိုးလုံလေလုံ အားကစားခန်းမတွင်းတွင် ဧပြီလ (၆) ရက်မှစတင်၍ အားကစားနည်း (၄) မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီ အားကစားသင်တန်းများအား အမှတ် (၂) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင် ၊Fitness Dance စသည့် ကစားနည်းမျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးအား သင်တန်းနည်းပြ(၄)ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ(၆)ရက်မှ(၂၀)ရက်နေ့ အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးပြည့်ဖြိုးဦးထံက သိရသည်။

နော်နော်မူ