နတ်မောက်မြို့ စည်ပင်သာယာရေးဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

နတ်မောက် ဧပြီ ၂၅

ကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့မဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်ကြီးကြပ်၍ ရုံးအဖွဲ့ဝန်ထမ်းများနှင့် ဆိုင်ခန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဈေးအတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ဈေးအတွင်း ရာသီဥတုဒဏ်ကြောင့် ရောင်းကုန်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး နှင့် အပူဒဏ်လျော့ချ နိုင်ရေး ရည်ရွယ်၍  E2 ရုံနှင့် F2 ရုံကြားတွင် ကိုယ့်အားကိုယ်ကိုးဈေးရုံ လျှောက်လမ်းအမိုး တည်ဆောက်လျက်ရှိသည်။ အဆိုပါလျှောက်လှမ်းအမိုးတည်ဆောက်နေမှုအခြေအနေကို စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က ကွင်းဆင်းကြည့်ရှုရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

လှဝင်း