မိုင်းခတ် ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်လှုပ်ရှားမှုတွင် လိုက်ပါဆောင်ရွက်ကြသည့်အဖွဲ့ဝင်များအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီကအသင်းအဖွဲ့၏ လစဉ်ဆောင်ရွက်သည့်လုပ်ငန်းများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်များအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားကာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းများ စုစုပေါင်း(၇)ဦးအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)