နောင်ချိုမြို့ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းသို့ ဗလာစာအုပ်များ လှူဒါန်း

နောင်ချို ဧပြီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းရှိ သင်တန်းသား/ သင်တန်းသူများအား မြို့နယ်ပညာရေးမှူး ဆရာမကြီးမှ ဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ယဥ်ကျေးလိမ္မာသင်တန်းကို ဟော်တော်ကျောင်းဆရာတော်၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမ(၈)ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ ကျောင်းသား ၄၄ ဦး၊ ကျောင်းသူ ၆၂ ဦး စုစုပေါင်း(၁၀၆)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းကို ၂၀-၄-၂၀၂၄ မှ ၃၀-၄-၂၀၂၄ထိ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)