မန်ကန် ဧပြီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် “ဝ”စာပေနှင့် ယဉ်ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို ဌာနဆိုင်ရာနှင့် အလှူရှင်များ စုပေါင်း၍ အဟာရမုန့်နှင့် ရွှေရင်အေးတိုက်ကျွေးခြင်း၊ စာရေးကိရိယာများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မန်ကန်မြို့၊ မြို့မဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် နွေးရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ “ဝ”စာပေများ သင်ကြားနိုင်ရေးနှင့် ယဉ်ကျေးလိမ္မာစေရေးအတွက် “ဝ”စာပေများသင်ကြားရာတွင် မန်ကန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် “ဝ”စာပေနှင့်ယဉ်ကျေးမှုသင်တန်းသင်ယူနေသော ကျောင်းသား/သူများ အား ခဲတံ၊ဗလာစာအုပ်များ၊ ဘော်ပင်များ၊ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်ကြားနေသာ ကျောင်းသား/ ကျောင်းသူများကို အဟာရ မုန့်နှင့်ရွှေရင်အေးတို့ကို ဌာနဆိုင်ရာများ၊စေတနာအလှူရှင်များက တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အေးကပ်(မန်ကန်၊မြို့ရုံး)