တနင်္သာရီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ Biometric ကောက်ယူဆောင်ရွက်ပေးနေမှုများ ကြည့်ရှုစစ်ဆေး

ကော့သောင်း ဧပြီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန့်ဇင်သည် ကော့သောင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ရုံးနှင့် မြို့နယ်ရုံးမှ ဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံးတွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင်လက်ရှိဆောင်ရွက်နေသော e-ID လုပ်ငန်း၊ ပန်းခင်းစီမံချက်အဆင့် (၃) ကွင်းဆင်း ဆောင်ရွက်မှုလုပ်ငန်း၊ Biometric ကောက်ယူရေးလုပ်ငန်းနှင့်သန်း ခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများတွင် ထပ်မံဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်လမ်းညွှန်မှာ ကြားခဲ့ပြီး Biometric ကောက်ယူဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)