မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြန်အောင် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြန်အောင်ခရိုင်အတွင်းဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း (GDP)နှင့် ငွေလုံးငွေ ရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်  အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်အောင်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်များကို မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်မှ ပေးအပ်ရာ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်အောင်ခရိုင်ဆင့် ဌာနဆိုင်ရာအကြီးအကဲများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)