ကရသူရိ ဧပြီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံအချို့သည် တံငါလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ပင်လယ်ဂဏန်း ယခင်နှစ်ထက် ဈေးကောင်းရ၍ ရှာဖွေသူများ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။
“ပင်လယ်ဂဏန်းကတော့ လူကြိုက်များသလို ဈေးကောင်းရနေ၍ ရှာဖွေသူများလျက်ရှိပါတယ်။ ယခင်က မိရိုးဖလာ တံငါလုပ်ငန်းလုပ်ကိုင်သူများသာ ထိုအလုပ်ကို လုပ်ကိုင်ကြသော်လည်း ယခု နှစ်တွင် ဂဏန်းဈေးကောင်းရသဖြင့် မိသားစု စားဝတ်နေရေးအတွက် ယခုလုပ်ငန်းကို ပြန်လည် လုပ်ကိုင်လာခြင်းဖြစ်ပါတယ်။ ဂဏန်းဈေးကတော့ ယခင်နှစ်က (၁)ပိဿာ (၁၂၀၀၀) ကျပ်သာ ရရှိခဲ့ပြီး ယခုနှစ်တွင် (၁)ပိဿာ (၁၆၀၀၀)ကျပ်ထိ ရရှိကာ ဒေသတွင်း အဝယ်ဒိုင်များထံ ရောင်းချလျက်ရှိကြောင်း” ရှာဖွေသူတစ်ဦးကပြောသည်။
အဆိုပါ ဂဏန်းကို ပင်လယ်ပြင်ရှိ ဒီရေတောများ၌ တစ်ပတ်စာ (တစ်ဖျားစာ)ရိက္ခာများ ဖြင့် ဂဏန်းခုတ်ခေါ် ဂဏန်းပိုက်များဖြင့် ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)