တာလေမြို့၌  နယ်မြေဒေသလုံခြုံအေးချမ်းစေရေး ဌာနဆိုင်ရာသတင်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာလေ ဧပြီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေးအတွက် ဌာနဆိုင်ရာသတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက တာလေတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဉီးစွာ တပ်နယ်မှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တောင်ယာမီးရှို့မှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်း လုံခြုံအေးချမ်းစေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် စာမတတ်သူပပျောက်ရေး ''အ''သုံးလုံး စာသင်ဝိုင်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ တာလေကျောက်စီဂုံးတံတားအား အသစ်ပြန်လည်တည်ဆောက်သွားမည့်အခြေအနေများနှင့် မီးဘေးအန္တရာယ်လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြသည်။

ထို့နောက် တပ်နယ်မှူးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နယ်မြေဒေသလုံခြုံရေးအတွက် လုံခြုံရေးသတိဖြင့် နေထိုင်သွားကြရန်၊ ဧည့်စာရင်းများစစ်ဆေးရာတွင် ယခင်ထက်ပို၍ ထိရောက်စွာ စစ်ဆေးဆောင်ရွက်ကြရန်၊ မြောင်ဇီးလူမျိုးများ နေထိုင်မှုနှင့်ပတ်သတ်၍ လူဉီးရေစာရင်းအား စာရင်းကောက်ယူပေးရန်၊ မဟာသင်္ကြန်ကာလအတွင်း လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများအား ဖွဲ့စည်းတာဝန်ပေးအပ်သွားမည့်အခြေအနေများနှင့် ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)