နတ်မောက် ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် Youth Club နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အင်္ဂလိပ်စာ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က Youth Club အဖွဲ့ဝင်များအား အင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့်အတွက် အခြေခံအဆင့်မှစ၍ အင်္ဂလိပ်စာ အရေးအဖတ်အားကောင်းစေရန်၊ လူငယ်/လူရွယ်များအာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်တတ်စေရန်၊ အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် Youth Club အဖွဲ့ဝင် (၂၅)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/ သူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
လှဝင်း