စဉ့်ကိုင်မြို့နယ်တွင် အေးမေတ္တာမူကြိုကျောင်းဆင်းပွဲ ကျင်းပ

စဉ့်ကိုင် ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်၊ အေးမေတ္တာ မူကြိုကျောင်းခန်းမ၌ ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အေးတ္တော မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသား မိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းဆင်းပွဲတွင် ရပ်မိ/ရပ်ဖ ဦးကိုကိုလေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမိုးကရာ  ကျောင်းသား/သူများကို  နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ဖြစ်လာစေရန်၊ ကြိုးစားချင်စိတ် ထက်သန်လာစေရန် ရည်ရွယ်၍ ယခုလို ကျောင်းဆင်းပွဲ ကျင်းပရခြင်း ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူ (၁၅)ဦးအား အေးမေတ္တာမူကြိုကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကျောင်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသားမိဘများ ကိုယ်စား  ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မူကြိုရင်သွေးငယ်များက မှုန်ရွှေရည်အက၊ နှုတ်ဆက်ပါတယ်မေမေရယ်ကဗျာ၊ မိတ်ဆွေသုံးဦးပုံပြင်၊ တေးသရုပ်ဖော်အကလှများ၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ဧည့်ခံခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)