မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးထုတ်ပေး

မိုင်းယောင်း ဧပြီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အသင်းသားများအား စုဆောင်းငွေ အပေါ် အတိုးထုတ်ပေးခြင်းကို ယနေ့နံနက် (၁၁) နာရီက သမဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသား (၃၀၉) ဦးအတွက်  ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ (၆) လအတွက် စုဆောင်ငွေ အပေါ်အတိုးများ (၆၉၈၅၂၅၀) ကျပ်အား အသင်းအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းအောင်ဇော်လင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ သမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်တို့က ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူများထံသို့ အသီးသီးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်