မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မြို့သစ် ဧပြီ ၁ဝ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီက မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သံဃာတော်များ ဆေးကုသဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌နှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်း​ရေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်ပေတိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊‌ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်‌ ဆေးဝါးများအား အခမဲ့ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

သန်းဝင်းထွန်း (ပြန်/ဆက်)