နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

နတ်မောက် ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးကြီး၌ ပွင်းလင်းရာသီကာလတွင် မီးဘေးလုံခြုံရေးနှင့် ဈေးတွင်းဈေးပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်း၊ ဈေးဝယ်ပြုုလုပ်နိုင်ရေး  ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဈေးကော်မတီဝင်များနှင့် ဈေးတာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဈေးအတွင်း/အပြင် ဈေးဆိုင်ခန်းများ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဈေးအဝင်အထွက်လမ်းများ၌ သွားလာရေးအဆင်ပြေစေရန် ဈေးဆိုင်ခန်းများတွင် အမိုးအကာဖြင့် ပိတ်ဆို့ရောင်းချမှု ရှိ/မရှိ၊ ဈေးအတွင်းရှိ သားငါးဈေးဆိုင်ခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျရောင်းချခြင်း ရှိ/မရှိ၊ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် နေ့စဉ် အဖွဲ့ပိုင်အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် ရပ်ကွက်အတွင်းရှိ နေအိမ်များမှ စွန့်ပစ်ပစ္စည်းများကို လိုက်လံသိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့သန့်ရှင်းသာယာစေရေးအတွက် တြံဂံလမ်းဆုံမြေယာရှုခင်းပုံသွင်းညှပ်ခြင်း၊ နတ်မောက်-တောင်တွင်းကားလမ်း မြို့ဝင်ဆိုင်းဘုတ် အတွင်း/အပြင် ပန်းအလှပင်များ ပုံသွင်းညှပ်ခြင်း၊ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး ညစဉ်စစ်ဆေးလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

လှဝင်း