ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေအသိပညာပေးရှင်းလင်းပွဲနှင့် ပြည်နယ်အတွင်း လမ်းတံတားအသုံးပြုခကောက်ခံရေးဂိတ်နှင့် မြို့အဝင်ဘီးခွန်ကောက်ခံသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

မြစ်ကြီးနား ဧပြီ ၁၀

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ အကျွမ်းတဝင် သိရှိနားလည် သဘောပေါက်ပြီး ၎င်းတို့၏ မိသားစုများ၊ ဆွေမျိုးများ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် သိရှိနားလည်အောင် ပြန်လည်မျှဝေပေးနိုင်ရေးအတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  ပြည်နယ်/ ခရိုင်/ မြို့နယ် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးရုံးအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ပြည်သူများ သတင်းအမှန်သိစေရေးနှင့် မလိုလား အပ်သော သတင်းအမှားများ မပျံ့နှံ့စေရန် သိလိုသည့် သတင်းအချက်အလက်များကို မေးမြန်းနိုင်ရေး အတွက် ပြည်နယ်သတင်းပြန်ကြားရေးအဖွဲ့ Call Centre ကို ဖွင့်လှစ်၍ ဖြေကြားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သို့ဖြင်ပါ၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကျွမ်းတဝင် သိရှိနားလည်သဘောပေါက်ပြီး မိသားစုများ၊ ဆွေမျိုးများ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း များတွင် ပိုမိုသိရှိနားလည်အောင် ပြန်လည်မျှဝေပေးစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြည်သူ့စစ်မှုထမ်းဥပဒေပါ အချက်များနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရန် အကျုံးဝင်သူများအဖြစ် သတ်မှတ်ချက်များ၊ ကာလသတ် မှတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အကျိုး ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်တို့ကို အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ရာ ဝန်ထမ်းများက စစ်မှုထမ်းဥပဒေ နှင့် စပ်လျဉ်း၍ သိလိုသည့်များကို မေးမြန်းဆွေးနွေးကြမှုကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကာ တက်ရောက်လာသည့် ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အစားအစာများ ဖြင့် ကျွေးမွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကချင် ပြည်နယ်အတွင်း လမ်းတံတားအသုံးပြုခကောက်ခံရေးဂိတ်နှင့် မြို့အဝင် ဘီးခွန်ကောက်ခံသည့် လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းတံတားအသုံးပြုခနှင့် မြို့ဝင်ဘီးခွန်ကောက်ခံ သည့် လုပ်ငန်းရှင်များအနေဖြင့် လေလံတင်ဒါစည်းမျဉ်း/ စည်ကမ်းများ၊ စာချုပ်ပါအချက်များနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာကြရေး၊ ယနေ့အချိန်တွင် အားလုံးက အသိသတိဖြင့် ကြိုးစား ဆောင်ရွက်နေကြရသည့်အတွက် လိုအပ်ချက်/ အခက်အခဲများပေါ်ပေါက်ပါက ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်းကို အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ အများပြည်သူ ဖြတ်သန်းသွား လာသည့်အတွက် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးကို အဓိကထား လိုက်နာဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် လမ်း/တံတားအသုံးပြုခကောက်ခံရေးဂိတ်နှင့် မြို့အဝင် ဘီးခွန်ကောက်ခံသည့်လုပ်ငန်းရှင်များက အသီးသီးမိတ်ဆက်ခဲ့ကြပြီး ဂိတ်များတွင်တွေ့ကြုံရသည့် အခြေအနေများ/ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ လမ်း၊ တံတားနှင့် မြို့ဝင်ဂိတ်များတွင် လေလံတင်ဒါဖြင့် ခွင့်ပြုပေးနေမှု အခြေအနေများ၊ အခွန်/အခကောက်ခံရရှိမှု အခြေအနေများ၊ စာချုပ်ပါသတ်မှတ် ဈေးနှုန်းအတိုင်း ကောက်ခံရေးနှင့် ဂိတ်များတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက် သွားရမည့် လုပ်ငန်းအစီအစဉ်များကို အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရှမ်းစုတောင်ရပ်ကွက်၊ မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ရုံး၌ ဖွင့်လှစ်သည့် နွေရာသီဓမ္မကျမ်းစာမွမ်းမံသင်တန်းအား ဆင်ဘို မြို့မှ တက်ရောက်ရန်လာကြသော သင်တန်းသား/ သင်တန်းသူများအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့သည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က သွားလာရခက်ခဲသည့် နေရာမှလာ ရောက်ကြသည့် သင်တန်းသားများအား သင်တန်းတက်ရောက်စဉ်ကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုအပ်ချက် များကိုလည်း ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကြိုးစားကြရန်လို ကြောင်း အားပေးပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က (၁)လကြာ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းမှ သင်တန်းဆရာ/ ဆရာမများအတွက် ငွေကျပ် (၃)သိန်းနှင့် သင်တန်းသား/ သင်တန်းသူ (၆၆)ဦးတို့အတွက် ငွေကျပ် ၂၄၀၀၀၀၀ တန်ဖိုးရှိ ဆန်အိတ် (၂၀)အိတ်၊ ခေါက်ဆွဲခြောက် ဖာ (၂၀)၊ ကြက်ဥ (၂၀)ကတ်၊ ဆီပိဿာ (၂၀)ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ သိက္ခာ တော်ရဆရာ၏ ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးမှုကို ခံယူခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်ပိုင်းကလည်း မြို့သန့်ရှင်းသာယာလှပရေးအတွက် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းနှင့် ကျောက်စိမ်းလမ်းဆုံမီးပွိုင့်မှ ကျောက်စိမ်းလမ်းတစ်လျှောက် စည်ပင်သာယာ‌ရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ လမ်းဘေးဝဲ/ယာတို့ရှိ အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေညှိခြင်းနှင့် ရေနှုတ်မြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်းတို့ကို စုပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)