လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူပေါင်း၍ အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူ လူငယ်များ ‌နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများနှင့် ထိတွေ့ပြီး အသိပညာဗဟုသုတများ တိုးပွား‌စေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန် ယခုလိုပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပ‌ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများကို ပြိုင်ပွဲဝင်သူများအား  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ပုံပြင်ပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၀) ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦး‌ရေ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် (Book Club) အဖွဲ့ဝင်များက ပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား/သူများအား ‌ဗလာစာအုပ်များ၊ ခဲတံဘူးများ၊ ရောင်စုံခဲတံများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့‌ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)