ပိုင်ကျုံ ဧပြီ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ချိန် ကာလတွင် အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏစွမ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသားလူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က စိတ်ကြိုက် ပန်းချီ ရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်ပြုပြင်ခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦးကောင်းယှဉ်ပြိုင်မှုဖြင့် ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်းနှင့် ကာယစွမ်းရည်နှင့်ဉာဏစွမ်းရည်များ တိုးတက်လာစေလာပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း၊ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)