ဟင်္သာတ ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ အတွင်းရေးမှူး ခရိုင်စီမံကိန်း ဦးစီးမှူး ဦးအောင်မြင့်၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး ခရိုင်စီမံကိန်း ဦးစီးမှူး ဦးအောင်မြင့်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မှု အခြေ အနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များအား တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးတာဝန် ပေးအပ်ခြင်း၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ များအား သက်ဆိုင်ရာ မြို့နယ်များ၏ ဒေသန္တရ စီမံကိန်းတာဝန်များ ပေးအပ်ခြင်း တို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)