နွားထိုးကြီးမြို့တွင် စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ် ကပ်လှူပွဲကျင်းပ

နွားထိုးကြီး ဧပြီ  ၁၀

နွားထိုးကြီးမြို့၊ အမှတ်()ရပ်ကွက်အတွင်းရှိ အလယ်ကျောင်းတိုက် သီရိအောင်လှိုင် ဓမ္မဗိမာန်၌  ယမန်နေ့နံနက် နာရီက ၂၀၂၃ ခုနှစ်တွင် ကျင်းပသော ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ပူဇော်သည့်စူဠဘွဲ့နှင်းသဘင် အောင် လက်မှတ် ကပ်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃဝန်ဆောင်ဆရာတော် ဦးတေဇနိယထံမှ ငါးပါးသီလခံယူပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညောဘာသက ဆုနှင်းသဘင်နှင့် ပတ်သက်၍ မိန့်ကြားခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက အလတ်တန်းအောင်() ပါး၊ အငယ်တန်းအောင် ()ပါး၊ အခြေပြုမူလတန်းအောင် ()ပါး ပါဠိပထမပြန်စာမေးပွဲ အောင်မြင်သော သံဃာတော်များ၊ စုစုပေါင်း () ပါးကိုဘွဲ့တံဆိပ်တော်နှင့် လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်